အခုပေးမယ့် application လေးက ကွန်ပျူတာထဲမှာသွင်းရမှာပါ။
ဆော့ဝဲရဲ့နာမည်ကတော့
Android Injector လို့ခေါ်ပါတယ်။ ဒီ application လေးက
ဘာကောင်းလဲဆိုတော့ ပုံမှန်အတိုင်းဆိုရင် ဖုန်းရဲ့ SD
ကဒ်ထဲကိုကိုယ်သွင်းချင်တဲ့ .apk ကိုထည့်၊ ပြီးမှသွင်း အဲဒီလို ဒုက္ခမျိုးတွေ
မရှိတော့ပါဘူး။ ဒီ application လေးကိုသုံးပြီး ကွန်ပျူတာထဲကနေ ဖုန်းထဲကို
တိုက်ရိုက် install လုပ်လို့ရပါတယ်။ ဖုန်း SD card ထဲ ကိုယ်သွင်းချင်တဲ့
application ဖိုင်သွားထည့်နေစရာမလိုတော့ပါဘူး။ application ကို install
လုပ်ရာမှာလည်း application တစ်ခုတင်မဟုတ်ပဲ အများကြီးကို တစ်ပြိုင်တည်း
install လုပ်လို့ရပါတယ် ။ အဲဒီလိုလုပ်ချင်ရင်တော့ အောက်ပုံထဲကအတိုင်း
Selected files ကိုနှိပ်ပြီး လုပ်ရမှာပါ။ တော်တော်လန်းတဲ့ software
တစ်ခုပါ။ အောက်မှာရယူနိုင်ပါတယ်
ဒေါင်းရန်>>>
http://pc.cd/6TyotalK
ndroid
phone လေးတလုံးကိုပိုင်ဆိုင်ထားပီဆိုရင် အဲဒီဖုန်းထဲကို app တွေ games
တွေထည့်သွင်းမယ့်ကိစ္စက မဖြစ်မနေလုပ်ဆောင်ရမယ်ဆိုတာအားလုံးဘဲအသိပါ။
ခုတင်ပြမယ့် Android Injector application လေးကတော့ မိမိရဲ့ android device
ကို ကွန်ပြူတာကနေတဆင့် ကိုကြိုက်တဲ့ apk ဖိုင်တွေကိုတခါတည်း install
လုပ်ပေးသွားမှာပါ။apk ဖိုင်တခုတင်မဟုတ်ပါဘူး apk
ဖိုင်အများကြီးကိုပါတခါတည်း selection မှတ်ပီးတော့ကိုတခါတည်း install
လုပ်ခိုင်းလို့ပါရတယ်ဆိုတော့ ဖုန်းကို ကွန်ပြူတာမှာ usb
ကြိုးတပ်လိုက်ဖြုတ်လိုက် စမ်းလိုက်တွေကို လုပ်နေစရာမလိုတော့ဘူးပေါ့ဗျာ။
ပိုပီးတော့အဆင်ပြေတာကတော့ ဒီ application ကို window XP,window
vista,window7 (64 bit) ဗားရှင်းတော်တော်များများပေါ်မှာပါ
အလုပ်လုပ်တယ်ဆိုတော့
အိုကေတယ်လို့ဆိုရမှာပေါ့။လက်ရှိစမ်းသပ်ထားတဲ့ဖုန်းကတော့ Samsung Galaxy S
I9000 နဲ့ စမ်းသပ်သုံးစွဲကြည့်ရမှာတော့ အဆင်ပြေပါတယ်။ ကျန်တဲ့ device
တွေအားလုံးမှာ အဆင်ပြေမယ်မပြေဘူးဆိုတာကတော့ စမ်းသပ်ကြည့်ကြပါ
အရင်ဆုံး ဒီ
Android Injector လေးကို ဒေါင်းလိုက်ပါ
မိမိရဲ့ဖုန်းထဲက settings/applications/development/usb debugging ကိုတော့
check mark ပေးထားရပါမယ်ဒါမှသာ usb ချိတ်ဆက်ပီးတော့ ကွန်ပြူတာနေ install
လုပ်နိုင်မှာပါ တကယ်လို့ ဒီ application လေး install လုပ်မယ့်အချိန်မှာ
usb driver တောင်းလာမယ်ဆိုရင်တော့
usb driver for android
လေးကို ကြိုတင် ဒေါင်းလုပ်ချထားဖို့ လိုအုံးမယ်ဆိုတာ မေ့မသွားနဲ့
အုံးနော် ။အားလုံးအဆင်ပြေပီဆိုရင်တော့ android injector.rar လေးကို
ဖြည်ပီးတော့ computer မှာ install လုပ်လိုက်ပါ
select files ဆိုတာလေးကိုနှိပ်ပီးတော့ မိမိ install
လုပ်လိုတဲ့ apk ဖိုင်များကို ရွေးပေးလိုက်ပါ ရွေးပေးပီးတယ်ဆိုရင်တော့
ဘေးမှာပါတဲ့
install to device ဆိုတဲ့ button လေးကို နှိပ်ပေးလိုက်တာနဲ့တင် ဖုန်းထဲကို
app တွေ install လုပ်ပေးပါတော့မယ်။ apk files အများကြီးကို install
လုပ်ခဲ့
မယ်ဆိုရင်တော့ အချိန်လေးတော့ နည်းနည်းကြာနိုင်တာပေါ့ဗျာ။ ကဲ စမ်းသပ်ကြည့်ရင်း ကြည်နူးနိုင်ကြပါစေ
#ပြန်လည်မျှဝေတာပါ
#အားလုံးအဆင်ပြေပါစေ
#မြတ်မင်း-အလယ်ချောင်းသား
https://myatmin-alechaungthar.blogspot.my/
https://www.facebook.com/MyatMin.Alechaungthar/