မိမိ
Gmail Account တစ်ခုရှိပြီဆိုရင် Blog တစ်ခုဖန်တီးရန်အတွက် www.blogger.com မှာ Sign in တစ်ခုလုပ်ရပါမယ်။ သွားပုံက
Browser program တစ်ခုဖြစ်တဲ့ IE (0r) Mozilla ၏ Address bar တွင် www.blogger.com ဟု ရိုက်ထည့်ပြီး Enter key ကိုနှိပ်ပါ။
Blogger
home page ၏ အပေါ်ညာဘက်ထောင့်တွင် “ sign in area ” ၏ အပေါ်ရှိ Language တွင်
English ဖြစ်ရပါမယ်။ Email Address (ဥပမာ- username@gmail.com) ၊ Password နေရာတွင်
၎င်း Email password တို့ကို ရိုက်ထည့်ပါ။ ပြီးလျှင် Keyboard မှ Enter ကိုနှိပ်ပါ
(သို့) Sign in တွင် Click နှိပ်ပါ။
Step
2) Display Name (0r) Author Name
မိမိထည့်သွင်းသည့်
Email နှင့် Password တို့ မှန်ကန်ပါက Signup လုပ်ဖို့ရန် တောင်းခံပါလိမ့်မည်။ Display
name နေရာတွင် မိမိနှစ်သက်ရာ အမည်ကို ရိုက်ထည့်ပါ။ ဒီနေရာမှာ
ထည့်သွင်းပေးလိုက်တဲ့ အမည်ကို Blog မှာတင်သမျှ Post တို့၏ အောက်ခြေတွင် ဖော်ပြမှာ
ဖြစ်ပါတယ်။ သဘောက Post မှာ ရေးသူ (သို့)ကလောင်အမည်ဖြစ်ပါတယ်။ သည့်အတွက်
အမည်ဝှက်နှင့် ရေးချင်ရင် မိမိအမည်ရင်း အစားအခြားအမည်ဝှက် တစ်ခုထည့်သွင်းရပါမည်။
Display
name ထည့်သွင်းခဲ့ပြီးပြီဆိုရင် ရှေ့ဆက်သွားဖို့ရန်အတွက် Blogger မှ ထုတ်ပြန်သော
Term of Service တွေကို လက်ခံသဘောတူရပါမယ်။ Trem of service ဘေးရှိ Check box တွင်
အမှန်ဖြစ်ပေါ်အောင် Click
တချက်နှိပ်ပါ။ ပြီးလျှင် Button တွင် Click နှိပ်လိုက်ပါ။
မှတ်ချက်။
။ ယခုထည့်ပေးခဲ့သည့် Display name အတိုင်းပင် အမြဲတမ်းသုံးရတော့မည်ဟု
မစိုးရိမ်ပါနှင့်။ Blog တစ်ခု အစအဆုံးဖန်တီးပြီးသွားသည့် နောက်ပိုင်း Display name
ကို အချိန်မရွေး မိမိနှစ်သက်သလို ပြောင်းလဲရေးသားနိုင်ကြပါတယ်။
Step3)
Name your Blog
ဒီအဆင့်မှာ
Blog title နှင့် URL လို့ခေါ်တဲ့ မိမိ Blog လိပ်စာတို့ကို
သတ်မှတ်ထည့်သွင်းပေးရပါမယ်။
စာအုပ်အမည်တို့နှင့်
သဘောတရားတူပါတယ်။ Blog title ကို မြင်ကြရုံဖြင့် အထဲမှာ ဘယ်လို အကြောင်းအရာတွေ
ရေးသားထားမလဲဆိုတာကို မှန်းမိနိုငစေပါက ပိုကောင်းပါတယ်။ နှစ်သက်ရာ အမည်ကို Blog
Title တွင် ရိုက်ထည့်ရာတွင် Title
ကို မြန်မာလို ပေးချင်ပါကလည်း ပေးနိုင်သည်။
URL
(or) Blog Address
Bolg
လိပ်စာကို ရွေးချယ်တဲ့နေရာမှာ မိမိ Blog ကို ဖတ်သူတို့အနေနှင့်
မှတ်မိလည်းလွယ်ရမယ်။ ရိုက်လို့လည်း လွယ်ရမယ့် အမည်မျိုးဖြစ်သင့်ပါတယ်။
အများအားဖြင့် မိမိနာမည် (သို့) Blog title ကိုပင် ပြန်ပေးလေ့ရှိကြပါတယ်။
အရေးကြီးတာက လိပ်စာကို အင်္ဂလိပ်လိုသာပေးရပါမည်။ အထူးသတိပြုပါ။
Template
ကိုရွေးခဲ့ပြီးပြီဆိုရင် Blog တစ်ခုကို အောင်မြင်စွာ Create လုပ်ပြီးပြီဖြစ်ကြောင်းဖော်ပြသော
Page ကို မြင်ကြရပါမယ်။ ထို Page ပေါ်မှ Your blog has been create!
စာတန်းအောက်ခြေမှ Start blogging တွင် Click
တစ်ချက်နှိပ်ပါ။
ထိုသဘောတရားအတိုင်းပါဘဲ။
ကိုယ်လိုချင်တဲ့ အကြောင်းအရာတွေရယ်၊ စာတွေရယ် ရေးမယ်။ တင်ချင်တဲ့ ပုံတွေတင်ပြီး
ဝေေ၀ဆာဆာဖြစ်အောင် ဖန်တီးကြရပါအုံမယ်။ အဲ့ဒီလိုစာတွေရေးတင်ခြင်း၊
ပုံတွေလှမ်းတင်ခြင်းကို Post တင်တယ်လို့ခေါ်ပါတယ်။ စပြီး
Post လုပ်ရန်အတွက် Start Blogging တွင် Click နှိပ်လိုက်ပါ။ စာတွေရေးသားနိုင်မယ့်
ပုံတွေထည့်နိုင်တဲ့ Window တစ်ခုကျလာပါမယ်။ ၄င်းကို Post Editor လို့လည်းခေါ်ပါတယ်။
Post
Title
ဒီနေရာမှာက
Post title ၊ ဟိုရှေ့မှာဖြည့်ခဲ့တဲ့ Title က Blog title ။ မရောထွေးမိပါစေနှင့်။
Blog title ဆိုတာက စာအုပ်အမည်လို တစ်ခုပဲရှိမယ်။ Post title ဆိုတာက ကိုယ်တင်ရင်
တင်သလောက်များမယ်။ ဥပမာ ဆိုရရင် Blog တစ်ခုထဲမှာ post ဆယ်ခုတင်ရင် Post title
ဆယ်ခုရှိမယ်ပေါ့။
Text
Area
ရေးလိုသမျှ
Text area ထဲမှာရေးသားကြပါမယ်။ ဒီနေရာမှာ ရေးသားသမျှတို့သည် မိမိတင်မည့် Post ၏
စာကိုယ်ဖြစ်ပါလိမ့်မည်။
ရေးလိုသမျှရေးပြီး၍
စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်လိုက်ပါ။ ရေးခဲ့သော Post ကို
အင်တာနက်ပေါ်မှတဆင့် အများသူငါ ကြည့်၍ရအောင် အောင်မြင်စွာ လွှင့်တင်ပြီးဖြစ်ကြောင်း
ဖော်ပြသော Page ကိုမြင်ကြရပါမည်။
မိမိရဲ့
တင်လိုက်တဲ့ Blog ကို ကိုယ်တိုင်ကြည့်ချင်ရင် View Blog တွင် Click နှိပ်လိုက်ပါ။
Post တစ်ခုတည်းသာရှိတဲ့ မိမိရဲ့ Blog အသစ်စက်စက်လေးကို တွေ့ကြရပါလိမ့်မယ်။
Sign
Out
Post
အသစ်တင်ချင်ရာတွေကိုလည်း တင်ခဲ့ပြီးပြီ၊ ပြင်စရာရှိတာတွေကို ပြင်ခဲ့ပြီး၍ လတ်တလော
ရှေ့ဆက် အသုံးမရှိသေးသည့်အတွက် ထွက်တော့မယ်ဆိုရင် အမြဲတမ်း Sign out လုပ်ပြီးမှ
ထွက်ရပါမယ်။ အပေါ်ညာဘက်ထောင့်တွင်ရှိသော Sign out တွင် Click နှိပ်ပြီးထွက်ပါ။
မှုလအစဖြစ်တဲ့ www.blogger.com သို့ ပြန်ရောက်သွားပါလိမ့်မည်။
Blogger
Interface အားလေ့လာခြင်း
Blog
လေးတစ်ခု ဖန်တီးလိုက်တယ်။ Post လေးတွေရေးတင်တယ်။ လိုအပ်ရင် ရေးထားတဲ့ Post တွေကို
ပြန်ပြင်မယ်။ Post အသစ်တွေထပ်တင်ကြတယ်။ ဒါတွေက Blog နှင့်ဆိုင်တဲ့
သာမာန်လုပ်ရိုးလုပ်စဉ်တွေပါ။ သာမန်ထက်ပိုတဲ့ နည်းလမ်းတွေသုံးပြီး မိမိ Blog ကို
ထူးထူးခြားခြားလေး ဖြစ်အောင် ပြင်ဆင်ကြချင်တယ်။ Blogger interface ကို
နားလည်ထားဖို့လိုပါလိမ့်မယ်။
Posting
Tab
Posting
tab အောက်မှာ Create၊ Edit post အစရှိသဖြင့် အခွဲတွေပါတယ်။ Post အသစ်များတင်ခြင်း၊
တင်ပြီးသား Post တွေကို ပြင်ဆင်ဖြည့်စွက်ခြင်းများကို ဒီ Posting tab အောက်မှာ
လုပ်ဆောင်နိုင်ကြတယ်။
Setting
Tab
Setting
Tab အောက်မှာ Basic၊ Publishing၊ Formatting အစရှိသဖြင့် အခွဲတွေရှိပါတယ်။ Blog
title ပြောင်းခြင်း၊ Comment ပိတ်ခြင်း၊ Email ဖြင့် post လှမ်းတင်နိုင်အောင်
စီစဉ်ခြင်းများ အပါအ၀င် စီမံခန့်ခွဲခြင်းလုပ်ငန်းစဉ် အတော်များများကို ဒီ Setting
tab အောက်မှာ လုပ်ဆောင်နိုင်ကြပါတယ်။
Layout
Tab
Layout
tab အောက်မှာ Page Elements၊ Pick new template အစရှိသဖြင့် အခွဲတွေပါတယ်။
Template အသစ်ပြောင်းခြင်း၊ မိမိ Blog ရဲ့ အဆင်အပြင်ကို ပိုမိုကြည့်ကောင်းအောင်
Page elements များ ထပ်တိုးဖြည့်စွက်ထည့်သွင်းခြင်းများကို ဒီ Layout tab အောက်မှာ
လုပ်ဆောင်နိုင်ကြပါတယ်။
The
Dashboard
မိမိရဲ့
Blog မှာ Post အသစ်တွေထပ်တင်ချင်တာပဲဖြစ်ဖြစ်၊ တင်ပြီးသား Post တွေထဲက
အချို့ပြန်ပြင်ချင်တာမျိုးတွေပဲဖြစ်ဖြစ်၊ ဖျက်ထုတ်ခြင်တာပဲဖြစ်ဖြစ်၊ အမြဲတမ်း
Blogger homepage ဖြစ်တဲ့ (www.blogger.com) ထံသို့ ပြန်လာရပါမယ်။ ရောက်ပြီဆိုရင် Blog
ဖန်တီးခဲ့စဉ်က အသုံးပြုခဲ့သော Email address နှင့် Password တို့ကိုပင် သုံးပြီး
ပြန်လည် Sign in လုပ်ရပါမယ်။
Sign
in ၀င်ရောက်မှု အောင်မြင်ပြီဆိုရင် Blogger Dashboard ဆိုတာကို မြင်ကြရပါမယ်။
Blogger Dashboard သည် Post အသစ်ထပ်တင်ခြင်း၊ ရှိပြီးသား Post ကို Edit
လုပ်ခြင်းတို့အပါအ၀င် Blog အားစီမံခန့်ခွဲမှု အလုပ်များကို အလွယ်တကူ
လုပ်ဆောင်နိုင်ရန်များစွာ အထောက်အကူပေးပါတယ်။ New post နှင့် Manage post တို့သည်
Dashboard ထဲမှ အသုံးပြုရမှုအများဆုံး Icon ၂ခုပင်ဖြစ်ပါတယ်။
ရှေ့ဘက်မှာဖော်ပြခဲ့သလို
User name နှင့် Password တို့ကို ထည့်ပြီး Blogger မှာ Sign in လုပ်ပြီးတာနှင့်
မိမိ Blog ကို အဓိက Control လုပ်ရာ Dashboard ဆိုတာကို တွေ့ကြရပါမယ်။
Post
အသစ်တစ်ခု ထပ်တင်ရန်အတွက် အစိမ်းရောင်အပေါင်းသင်္ကေတလေးနှင့် New Post တွင့် Click
တစ်ချက်နှိပ်ပါ။ Post တွေရေးသားနိုင်မည့် (Posting create page) ပေါ်လာပါမည်။
ရှေ့မှာတုန်းက
Post အသစ်တစ်ခုစရေးစဉ်က အတိုင်းပင် Title နေရာတွင် စာခေါင်းစဉ် Post title နှင့်
Text area ထဲတွင် ရေးလိုသောစသားများကို ရိုက်ထည့်ပါ။ စိတ်တိုင်းကျပြီဆိုရင်
Publish post တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Post အသစ်ကို အောင်မြင်စွာ
ထပ်တင်ပြိး ဖြစ်ပါလိမ့်မယ်။ မိမိ Bolg ကို ဖွင့်ကြည့်လျှင် အရင်တင်ခဲ့သည့် Post
များနှင့်အတူ Post အသစ်များကိုပါ ယှဉ်တွဲမြင်ရပါလိမ့်မယ်။
တင်ပြီးသား
Post များကို ပြန်လည်ဖြည့်စွက်ပြင်ဆင်ခြင်း
မိမိတင်ထားခဲ့တဲ့
Post တွေကို ပြင်ချင်ရင် အချန်မရွေးပြန်လည် Edit လုပ်လို့ရပါတယ်။ သဘောက
မကြိုက်တဲ့စာသားတွေကို ဖြုတ်ပစ်မယ်။ ထပ်ထည့်ဖို့လိုအပ်ရင် ထပ်ထည့်မယ်ပေါ့။
Dashboard ပေါ်မှ Manage Post ပေါ်တွင် Click နှိပ်လိုက်ပါ။ မိမိ၏ Blog
မှာတင်ထားသမျှသော Post တို့၏ Title များအားတန်းစီမြင်ရပါမယ်။
ပြန်လည်
Edit လုပ်လိုသော Post Title နှင့် သက်ဆိုင်သော Edit ပေါ်တွင် Click နှိပ်လိုက်ပါ။
(Posting /Edit posts) Page သို့ရောက်သွားပြီး Post တွင်ပါ စာသားများကို
မြင်ကြရပါမယ်။
၎င်း
Post title တစ်ခုစီဘေးမှ Edit တွင် Click တစ်ချက်နှိပ်ပါ။ Title ပဲဖြစ်စေ၊ Text
area ထဲမှ စာသားများကိုဖြစ်စေ လိုသလို ပြောင်းလဲဖြည့်စွက်နိုင်ကြပါတယ်။
စိတ်တိုင်းကျပြီဆိုလျှင် Publish post တွင် Click ပြန်နှိပ်ပေးရန်မမေ့ပါနှင့် ။
ဒီနေရာမှာ
တင်ပြီးသား Post တွေထဲက အချို့ကို ပြင်ဆင် Edit လုပ်ခြင်းမဟုတ်ပဲ။ လုံးဝကို
ဖျက်ထုတ်လည်း ရနိုင်ပါတယ်။ တန်းစီထားသော Post title များထဲမှ ဖျက်ထုတ်လိုသော Title
နှင့် သက်ဆိုင်သော Delete ပေါ်တွင်Click နှိပ်လိုက်ပါ။ အမှန်တကယ် ဖျက်ထုတ်လိုခြင်း
ဟုတ်မဟုတ်ဆိုတာကို Confrom လုပ်ပါလိမ့်မယ်။ Delete
It တွင် Click နှိပ်ဖျက်လိုက်ပါ။ ဒါဆိုရင် ၄င်း Post ကို အပြီးအပိုင် ဖြတ်ထုတ်ပြီး
ဖြစ်ပါလိမ့်မယ်။
Add
formatting
Text
area ထဲမှာ ရှိနေသည့် စာသားတွေရဲ့ စာလုံးပုံစံ Font ပြောင်းခြင်း၊ Font
အရွယ်အစားပြောင်းခြင်း၊ Blod လုပ်ခြင်း၊ အစရှိတဲ့ လုပ်ငန်းစဉ်တွေကို
လုပ်ဆောင်နိုင်ရန် Compose တွင် Formatting tools တစ်ခုပါရှိပါတယ်။
စာလုံးပုံစံ
Font ပြောင်းခြင်း
ရိုက်ထည့်ထားသည့်
စာသားတွေထဲက အချို့ကို Font ပြောင်းချင်ရင် ပြောင်းချင်တဲ့ စာသားတွေကို အပြောရောင်
High light ဖြစ်အောင် Mouse ဖြင့် Drag ဆွဲပြီး Select လုပ်ပါ။ ပြီးလျှင် Font
family ထဲက down arrow တွင် Click နှိပ်ပြီး Font တစ်မျိုးကို ရွေးချယ် Click
နှိပ်ပါ။ ဒါဆိုရင် မိမိ Select လုပ်ခဲ့သော စာသားတွေရဲက စာလုံးပုံစံ Font
ပြောင်းသွားပါလိမ့်မယ်။
စာလုံးအရွယ်အစားပြောင်းခြင်း
Text
area ထဲမှ စာလုံး အရွယ်အစားပြောင်းလိုသော စာသားများကို Mouse ဖြင့် High light
ဖြစ်အောင် Select လုပ်ပါ။ Font size icon ပေါ်တွင် Click နှိပ်ပြီး ကျလာမည့် List
ထဲမှ နှစ်သက်ရာ အရွယ်အစား တခုခုပေါ်တွင် Click နှိပ်ရွေးချယ်ပါ။
Bold,
Italic, Text color
အချို့စာလုံးတွေကို
Bold ပဲဖြစ်ဖြစ်၊ Italic ပဲဖြစ်ဖြစ်၊ Text color အရောင်ပြောင်းချင်တာပဲ ဖြစ်ဖြစ်
ပထမဦးဆုံး Drag ဆွဲပြီး လုပ်ရပါမယ်။
ပုံတွေကို
ရှေ့မှာတုန်းကလို Post ထဲမှာ မဟုတ်ပဲ Page Element (widget) တွေအဖြစ်မိမိ Blog
မှာထည့်ထားလို့ရပါတယ်။ Picture နေရာရှိ Add to Blog တွင် Click နှိပ်လိုက်ပါ။
Configure Image ပွင့်လာပါမည်။
မိမိမှာ
Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း
Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog
တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့်
ဖော်ပြသွားပါမယ်။
Third-Party
Page Elements (widgets)
Poll
တို့၊ Slide Show တို့အစရှီတဲ့ Blogger ထံမှ အဆင်သင့်ယူနိုင်တဲ့ Page element
တွေအပြင်အခြား Website များထံမှ Page element တွေကို ယူထားပြီးတော့လည်း မိမိ Blog
page ထဲမှာ ပေါင်းစပ်ထည့်သွင်းထားနိုင်ပါသေးတယ်။ အဲဒီလို Blogger ထံမှ မဟုတ်ပဲ
အခြား Website တစ်ခုခုထံမှ သီးခြားယူသုံးတဲ့ Element တွေကို Third- Party element
တွေလို့ခေါ်ပါတယ်။ အခြားသူတို့ရဲ့ Blog စာမျက်နှာတွေမှာလည်း
တွေ့ဖူးကောင်းတွေ့ဘူးကြပါလိမ့်မယ်။ နာရီလေးတွေ၊ ပြက္ခဒိန်လေးတွေ အစရှိသဖြင့်ပေါ့။
ဥပမာ အနေနှင့် Clock widget လေး တစ်ခုလောက်ထည့်ကြည့်လိုက်ကြရအောင်။
Third-party
element တွေထည့်မယ်ဆိုရင် လုပ်ရမယ့် အပိုင်းက နှစ်ပိုင်းရှိတယ်။ ပထမအပိုင်းက မိမိ
Blog ထဲထည့်ထားလိုတဲ့ အခြား Website မှ Element နှင့် ဆိုင်သော HTML tag တွေကို Copy
မှ ကူးယူရမယ်။ ပြီးမှ မိမိ Blog ထဲမှာ Paste လုပ်ယူရမယ်။
နာရီပုံ
HTML widget ရယူရန်အတွက် www.clocklink.com သို့သွားပါ။ ထို့နောက် Go to Gallery တွင်
Click နှိပ်လိုက်ပါ။ နာရီပုံသဏ္ဍန်ဒီဇိုင်းမျိုးစုံတို့ရှီရာ Clock Gallery ထဲသို့
ရောက်သွားပါမယ်။
မှတ်ချက်။
။ Clock link မှ မဟုတ်ပါဘူး။ အင်တာနက်ပေါ်မှ အခြေားသော Clock widget site
တွေများစွာရှိပါသေးတယ်။ Google သို့သွားရောက်ပြီး Clock widget လို့
ထည်သွင်းရှာဖွေကြည့်ပါ။ ရလာတဲ့ အထဲကမှ ကိုယ်လိုအပ်ချက်နှင့် ကိုက်ညီနိုင်မည့် Link
များသို့ သွားရောက်ပြီး စမ်းသပ်အသုံးပြုကြည့်ကြပါ။
မိမိနှစ်သက်ရာ
နာရီပုံ တခုကိုရွေးပါ။ ရပြီဆိုရင် ထိုနာရီနှင့် သက်ဆိုင်ရာ View Html Tag ပေါ်တွင်
Click နှိပ်လိုက်ပါက နာရီပုံပါ Pop-up windows တစ်ခုပွင့်လာပါမည်။
Time
Zone နေရာတွင် မိမိဒေသစံတော်ချိန်ကို ရွေးပေးပါ။ ဥပမာ- မြန်မာနိုင်ငံအတွက်ဆိုလျှင်
(GMT +6:30) ဖြစ်ပါတယ်။ လိုအပ်ပါက နာရီအရွယ်အစား အကြီးအသေးကို Size နေရာတွင်
ရွေးချယ်ပြောင်းလဲနိုင်ပါတယ်။ (130*130)
Blog
ထဲမှာ မိမိရေးချင်ရာအပြင်အခြား Blog များ(သို့) Website များဆီသို့ ချိတ်ဆက်ထားတဲ့
Link တွေလည်း ထည့်ထားနိုင်ပါတယ်။ Link တွေကို ရည်ရွယ်ချက်အမျိုးမျိုးနှင့်
ထည့်ကြတယ်။ အချို့က မိမိတင်သည့် Post နှင့်
အကြောင်းအရာချင်းဆက်စပ်မှုရှိတဲ့ Post တွင်းပါ အကြောင်းအရာတွေကို ပိုမို အားကောင်းအောင်
အထောက်အကူပေးနိုင်သော အခြားသူတဦးဦး၏ Blog (သို့) Webpage တစ်ခုခုကို Link
လုပ်ထားလေ့ရှိပါတယ်။
အချို့ကျပြန်တော့လည်း
မိတ်ဆွေအချင်းချင်း (သို့) ဦးတည်ချက်ခြင်းတူတဲ့ Blog တွေအချင်းချင်း အပြန်အလှန်
Link များထည့်သွင်းခြင်းဖြင့် အုပ်စုဖွဲ့ ထားလေ့ရှိပါတယ်။ မိမိတို့အုပ်စုထဲက Blog
တစ်ခုခုပေါက်သွားရင် တနည်းဆိုရရင် လူကြိုက်များလာပြီဆိုရင် အဲ့ဒီ Blog ထဲမှာ
ညွှန်ပြချိတ်ဆက်ထားတဲ့ အခြား Blog တွေပါ လူကြည့်ပိုများလာမယ်ပေါ့။
1.
ပထမဦးစွာ မိမိ Link လုပ်လိုသော Blog (သို့) Webpage ကို ဖွင့်လိုက်ပါ။
ပွင့်လာပြီဆိုရင် ၄င်း Page ၏ URL လို့ခေါ်တဲ့ လိပ်စာကို Copy လုပ်လိုက်ပါ။ 2.
(Posting/Compose) Text area ထဲမှ Link လုပ်လိုသော စာသားများကို Mouse ဖြင့် Drag
ဆွဲပြီး Select လုပ်ပါ။ စာသားများအပြာရောင် High light ဖြစ်လာပါမည်။ Select
လုပ်ပြီးပြီဆို၇င် Tool bar ထဲမှ Add link ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။ 3.
ကျလာမည့် Box ထဲရှိ URL နေရာတွင် Paste လုပ်လိုက်ပါ။ ရှေ့မိမိ Copy ယူထားခဲ့သည့်
URL ပေါ်လာပါမည်။ Copy/Paste မလုပ်လိုလျှင် ဒီနေရာမှာ ကိုယ်တိုင်
ရိုက်ထည့်နိုင်ပါတယ်။ Typing အမှားမဖြစ်အောင်တော့ အထူးဂရုပြုရပါလိမ့်မယ်။ 4.
Ok button တွင် Click နှိပ်လိုက်ပါက Select မှတ်ထားခဲ့သော စာသားများကို အပြာရောင်
အောက်ခံလိုင်းဖြင့် မြင်ရပါမယ်။ သဘောက Link ဖြစ်သွားပြီဆိုတာကို ပြပါတယ်။
အဆင်သင့်ဖြစ်ပြီဆိုရင် Publish post တွင် Click နှိပ်ပြီး မိမိရဲ့ Post
ကိုတင်လိုက်ပါ။ 5. Blog ထဲတွင် Post တက်လာတဲ့အခါ Link ပေါ်တွင် Click နှိပ်ပါက
ချိတ်ဆက်ထားခဲ့သော Blog (သို့) Webpage ကိုမြင်ကြရပါမယ်။ 6. ထို Link ပေါ်တွင်
Click နှိပ်ပါက ချိတ်ဆက်ထားသော name.blogspot.com ကိုမြင်ရပါမယ်။
Comments
ပုံမှတ်အားဖြင့်ဆိုရင်
Post တစ်ခုချင်းစီရဲ့အောက်မှာ Comment ဆိုတဲ့ Link တစ်ခုကို တွေ့ကြရပါမယ်။ Blog
တို့တွင် Comment တို့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါလှပါတယ်။ ရေးသူနှင့် ဖတ်သူတို့
အပြန်အလှန်ထိတွေ့စေနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ သဘောက Post တွင်ပါ
အကြောင်း အရာနှင့် ပတ်သတ်ပြီး ဖတ်ရူသူတို့မှ ဝေဖန်ဆွေးနွေးခြင်း၊
ဖြည့်စွက်အကြံပေးခြင်းများကို Comment မှတဆင့်ဝင် ရောက်ရေးသားနိုင်ကြပါတယ်။
Writing
Comment
ပုံမှတ်အားဖြင့်ဆိုရင်
Blog post တိုင်းမှာ Comment ၀င်ရေးနိုင်ကြပါတယ်။ အချို့တွေက Comment
ရေးခွင့်ပိတ်ထားသည့် Post တို့မှာတော့ Comment ရေးလို့မရပါ။ အများစုမှာတော့ Google
account တစ်ခုရှိရင် ၀င်ရေးနိုင်ကြပါတယ်။ ရေးပုံရေးနည်းကတော့ ရိုးရှင်း
လွယ်ကူလှပါတယ်။ ရေးလိုတဲ့ Post အောက်မှာရှိသော Comment ပေါ်တွင် Click
နှိပ်လိုက်ပါ။
Who
can Comment? နေရာတွင် ဘယ်သူတွေကိုပဲ ရေးခွင့်ပြုမယ်ဆိုတာ မျိုးကန့်သတ်နိုင်ကြပါတယ်။
Anyone ကို ရွေးမယ်ဆိုရင် Google account (Gmail) ရှိသူတွေသာ
ရေးခွင့်ပြုမယ်ဆိုတာမျိုးဖြစ်ပါတယ်။
Comment
Default for Posts နေရာတွင် ပုံမှန်အားဖြင့် New posts have Comments ဖြစ်ပါတယ်။
သဘောက တင်သမျှ Post တိုင်းမှာ Comment ပါပြီးသားဖြစ်ပါတယ်။ Comment မပါအောင်
တခါတည်း ပိတ်ထားလိုလျှင် New Posts Do Not Have Comments ကိုရွေးရပါမယ်။
Username
နှင့် Password တို့ကို မှန်ကန်စွာ ဖြည့်စွက်ပြိးပါက Accept Invitation တွင် Click
နှိပ်လိုက်ပါ။ ဒါဆိုရင် Team Member ဖြစ်သွားပြီး ၄င်း Blog တွင် ၀င်ရောက် ရေးသော
Post တင်နိုင် ကြပါပြီ။
Manage
team Member
ဖိတ်ကြားချက်ကို
လက်ခံ၍ Activate လုပ်ပြီး သူတို့သည် မိမိ Blog ရဲ့ Member များဖြစ်လာကြပါပြီ။ အဲဒီ
Member ဖြစ်လာသူတွေသည် ပုံမှန Default အားဖြင့် မိမိ၏ Blog မှာ Post တွေကိုသာ
ရေးတင်နိုင်ခွင့်ရှိ ကြပါတယ်။ အခြားဘာလုပ်ပိုင်ခွင့်မှ မရှိကြပါဘူး။
Blog
ပိုင်ရှင်ဖြစ်တဲ့ မိမိကသာလျှင် Blog အမည်ပြောင်းခြင်း၊ Template ပြောင်းခြင်း၊
Post တွေဖျက်ထုတ်ခြင်း အစရှိတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ပါတယ်။ ဒါက
အခြေခံသဘောကို ပြော တာပါ။ အကယ်၍ လိုအပ်ပါက Member ထဲမှ ယုံကြည်ရသူတစ်ဦးဦးကို
မိမိရဲကလုပ်ပိုင်ခွင့်များအတိုင်း ပေးအပ်ထားလို့လည်းရပါတယ်။
Setting
အောက်မှ Permission တွင် Click နှိပ်ပြီး (Setting / Permission)
သို့သွားလိုက်ကြရအောင်။ Permission အောက်တွင် ဒီ Blog မှာ ၀င်ရောက်ရေးသားနိုင်သူ
Member ဘယ်နှစ်ယောက် ရှိသလဲဆိုတာကို တန်းစီဖော်ပြထားပါလိမ့်မယ်။
အဲ့ဒီ
Member တွေထဲကမှ လုပ်ပိုင်ခွင့်တိုးမြှင့်ပေးလိုသော Member အမည်ဘေးမှ Grant Admin
တွင် Click နှိပ်ပါ။ Admin အဆင့်ပေးပို့ရန် အတည်ပြုချက်တောင်းခံသော Box
တစ်ခုမြင်ရပါမယ်။ “Grant Admin Privilege” တွင် Click နှိပ်လိုက်ပါ။
ဒါဆိုရင်
ထိုသူသည် Post ရေးသားနိုင်ရုံသက်သက် မဟုတ်တော့ဘဲ Blog အားမိမိကဲ့သို့
စီမံခန့်ခွဲနိုင်ခွင့်ရှိသူ တစ်ဦး ဖြစ်သွားပါလိမ့်မယ်။
Element
သစ်တခုကို ထည့်သွင်းချင်တိုင်းမှာ “Add a page element” တွင် Click နှိပ်ကြရပါမယ်။
ဒါဆိုရင် မိမိ Blog မှာ ထပ်မံထည့်သွင်းနိုင်မည့် Element များပါဝင်တဲ့ Pop-up
window တစ်ခုပွင့်လာပါ မည်။ အဲဒီအထဲကမှ ဆန္ဒရှိရာ Element ၏ Add to blog တွင် Click
နှိပ်ပြီးထည့်သွင်းနိုင်ကြပါတယ်။
Pop-up
window ထဲက “ Poll ” Section နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။
အောက်ဖော်ပြပါ “Create Poll” Window ကို မြင်ကြရပါမယ်။
ပြည့်စုံစွာ
ဖြည့်စွက်ပြီးပြီဆိုရင် Save တွင် Click နှိပ်ရပါမယ်။ Pop-up window
ပျောက်သွားပြီး မှုလ (Template/Page element) တွင် Element သစ်တစ်ခု တိုးလာတာကို
တွေ့ကြရပါမယ်။ View Blog တွင် Click နှိပ်ကြည့်ပါက မိမိထည့်သွင်းခဲ့သော Poll ကို
အောက်ပါအတိုင်း တွေ့ကြရပါမယ်။
Add
Link List
မိမိ
Blog ကို ၀င်ရောက်ဖတ်ရူသူတို့အားကောင်းနှိုးရာရာ Website လေးတွေ၊ ဦးတည်ချက်တူလို့
ညွှန်ပြချင်တဲ့ Blog တွေကို Link List အဖြစ်တန်းစီပြီး ထည့်ထားလို့ရပါတယ်။ Element
သစ်တခုကို ထည့်သွင်းချင်တိုင်းမှာ “Add a page element” တွင် Click နှိပ်ကြရမယ်။
Pop-up
window ထဲက Link List နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ အောက်ဖော်ပြပါ
“Configure Link List” Window ကိုမြင်ကြရမယ်။
ပြည့်စုံစွာ
ဖြည့်စွက်ပြီးလျှင် Add Link တွင် Click တစ်ချက်နှိပ်ပါ။ ဒါဆိုရင် Link
တစ်ခုစာရင်းဝင်သွားပါပြီ။ URL နှင့် Name တို့တွင် ဖြည့်စွက်ပြီးနောက် Link
များထပ်ထည့်ပါ။
ထည့်သွင်းလိုတဲ့
Link အရေအတွက် ပြည့်ပြီဆိုရင် Save Changes တွင် Click နှိပ်ပါ။ Pop-up window
ပျောက်သွားပါလိမ့်မယ်။
Pop-up
window ပျောက်သွားပြီးမှုလ (Template Page element) တွင် Element အသစ်တစ်ခုထပ်တိုးလာပါမည်။
View
Blog တွင် Click နှိပ်ကြည့်ပါက မိမိထည့်သွင်းခဲ့သော Link List ကို တွေ့ကြရပါမယ်။
ဒါဆိုရင်
HTML Code တွေကို Copy ကူးပြိးသွားပြီ။ နောက်တဆင့် ဆက်ရန်အတွက် www.blogger.com ထဲ Login ၀င်ရောက်ပြီး Page Element
သစ်တခုထည့်ရန် ပြင်ဆင်ကြရပါမယ်။ HTML Java Script နေရာရှိ Add to blog တွင် Click
နှိပ်လိုက်ပါ။ Configure window ပွင့်လာပါမယ်။
ဒါဆိုရင် www.clocllink.com ကနေကူးလာတဲ့ HTML Code များ ဒီ Content
ထဲမှာ ပေါ်လာပါမည်။
Save
Changes တွင် Click နှိပ်ပါက စတင် Save လုပ်ပါလိမ့်မယ်။ ပြီးပြီဆိုရင် Page
Element Added ဆိုပြီးပေါ်လာပါမည်။ View Blog တွင် Click နှိပ်ကြည့်ပါက Blog
စာမျက်နှာတွင် နာရီကို မြင်ကြရပါမယ်။
Email
ဖြင့် Post အသစ်များတင်ခြင်း
Blogger
ကို ရွေးချယ်မှုအတွက် ကျေနပ်နှစ်သက်မှုကို ပေးစွမ်းနိုင်မည့် ထူးခြားသည့် အပိုင်းကတော့
Email ဖြင့် Post လှမ်းတင်နိုင်ခြင်းပင် ဖြစ်ပါတယ်။ သာမန် Email
ပို့ရိုးပို့စဉ်အတိုင်း ပို့ရုံဖြင့် Blog ထဲမှာ Post တစ်ခုတင်ပြီးသား
ဖြစ်ပါလိမ့်မယ်။ ဆိုရရင် Email ပို့တဲ့အခါရေးသည့် Subject သည် Post Title
ဖြစ်လာမည်။ Email Message တွင်ပါ စာသားတို့သည် Post တွင်းပါစာသားများ
ဖြစ်လာပါလိမ့်မယ်။ အဓိကကျတာက To နေရာမှာ ထည့်သွင်းပေးပို့ရမယ့် Email Address
ပင်ဖြစ်ပါတယ်။
C-Box
အတွက် HTML Code တွေ Copy ကူးခဲ့ပြိးလျှင် ရှေ့က နာရီ၊ ပြက္ခဒိန်တို့ ထည့်သလိုပင်
Blog Page Element တစ်ခုအဖြစ် Paste လုပ်ပြီးထည့်ကြရုံ ဖြစ်ပါတယ်။
HTML
Java Script နေရာရှိ Add to Blog တွင် Click နှိပ်လိုက်ပါ။ Configure Window
ပွင့်လာပါမည်။ Title နေရာတွင် ပေးလိုသော အမည်ထည့်ပါ။
ဥပမာ-မှာချင်တာလေးတွေရှိရင်မှာခဲ့ပါ။
Install
ပြီးသွားရင် Task bar ပေးတွင် Language bar ပေါ်လာပါမည်။ ၄င်း Language bar ထဲတွင်
English ဟုပေါ်နေချိန်တွင် စာရိုက်မည်ဆိုပါက အင်္ဂလိပ်လိုစာစီစာရိုက်ခြင်း ဖြစ်ပါတယ်။
Blog
title ဆိုတာက စာအုပ်အမည်တို့နှင့် သဘောတရားချင်း ဆင်တူတယ်။ စာအုပ်နာမည်ကို
ကြည့်ခြင်းအားဖြင့် ဒီစာအုပ်သည် တက်ကျမ်းလား၊ ဟာသလား၊ ဘ၀သရုပ်ဖော်လား ဆိုတာကို
အလွယ်တကူ ခွဲခြားသိနိုင်ကြပါတယ်။ ဒီအတိုင်းပါဘဲ Blog title နှင့် Description ကို
ကြည့်ခြင်းအားဖြင့် သတင်းအဖြစ်အပျက်တွေကို ဦးစားပေးတဲ့ Blog လား၊ ရသစာတမ်းတွေကို
ဦးစားပေးတဲ့ Blog လားဆိုတာကို ၀င်ရောက်ဖတ်ရူသူများအား သိစေနိုင်ရန်ဖြစ်ပါတယ်။
Post
Blog
ရဲ့ အသက်သည် Post များဖြစ်ပါတယ်။ Blog ထဲမှာ အကြောင်းအရာတစ်ခုခုကို
ရေးပြီးတင်သမျှကို Post လို့ ဖော်ပြပါတယ်။ သဘောက အကြာင်းအရာတစ်ခုခုကို
ရေးတင်တိုင်း Blog ထဲမှာ Post တစ်ခုတိုးပါတယ်။ Blog တစ်ခုမှာ Post အရောအတွက်
ဘယ်လောက်ပဲ ရှိရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ မရှိပါဘူး။ ရေးတင်တဲ့
အကြိမ်များရင်များနိုင်သလောက် Post အရေအတွက်များပါလမ့်မယ်။
Comments
Blog
ဖတ်သူတွေအနေနှင့် Post တွင်ပါ အကြောင်းအရာနှင့် ပတ်သတ်ပြီး ဝေဖန် ဆွေးနွေးခြင်း၊
သိလိုသမျှ ထပ်ဆင့်မေးမြန်းခြင်းများကို ဒီနေရာကနေတဆင့်သွားပြီး
ဝင်ရောက်ရေးသားနိုင်ကြပါတယ်။ အချို့ Blog တွေမှာ Annonymous User အနေနှင့်
မည်သူမဆို ၀င်ရောက်ရေးသားနိုင်ကြပေမယ့် အချို့မှာတော့ Register လုပ်ပြီးမှ
ဝင်ရောက် ရေးသားခွင့် ရှိပါတယ်။
Page
Elements
Page
Element တွေဆိုတာက Webpage တို့ရဲ့ အဆင်တန်ဆာများပဲ ဖြစ်ပါတယ်။ ၄င်းတို့ကို
ညီညွှတ်မျှတအောင် ပေါင်းစပ်ထည့်သွင်းခြင်းအားဖြင့် မိမိ Blog စာမျက်နှာမှာ
ပိုမိုနှစ်သက်ဖွယ် ဖြစ်စေပါလိမ့်မယ်။ စာမျက်နှာတွင်ကြည့်ပါ။
Online
Blogging Tools
အင်တာနက်ပေါ်မှာ
Online blogging tools လို့ခေါ်တဲ့ Blog ၀င်ရောက်ရေးသားနိုင်သော Website
တွေများစွာရှိပါတယ်။ အနည်းငယ် ထုတ်နှုတ်ပြရရင် Blogger၊ Blog City၊ Word press၊
Yahoo 360၊ MSN space၊ Six apart၊ Expression engine၊ Love journal၊ Type pad
တို့အစရှိသဖြင့်ပေါ့။ အဲဒီအထဲကမှ Tools ကတော့ ပိုကောင်းပါတယ် ဆိုတာမျိုးပြောဖို့ရန်
ခက်ခဲပါတယ်။
ဘာဖြစ်လို့လဲဆိုတော့
Tools တော်တော်များများသည် Blog တစ်ခုဖန်တီးဖို့ရန် အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့
Post တင်ခြင်း၊ ဓာတ်ပုံဗီဒီယိ၊ သီချင်းခွေတွေကို တင်ခြင်း၊ မိမိ Blog ၏
ဒီဇိုင်းကို နှစ်သက်သလို ရွေးချယ်နိုင်ခြင်း၊ Comment ရေးခြင်း၊ အစရှိသည့်
လုပ်ငန်းစဉ်များကို အလွယ်တကူ လုပ်ဆောင်နိုင်စေပါတယ်။ တနည်းဆိုရရင်
အခြေခံလိုအပ်ချက်တွေကို အလွယ်တကူ အသုံးးပြုနိုင်အောင် တည်ဆောက်ထားကြပါတယ်။
ဒီတင်ပြချက်ကတော့
Online tools တစ်ခုဖြစ်တဲ့ Google ၏ Blogger ဖြင့် Blog ရေးပုံများကို
ဖော်ပြသွားခြင်းဖြစ်ပါတယ်။ Blogger ကို ရွေးချယ်ရခြင်းက အင်တာနက်ပေါ်မှ
လူသုံးအများဆုံး Online tools တစ်ခု ဖြစ်ခြင်းကလည်းတစ်ကြောင်း အပါအ၀င်ဖြစ်ပါတယ်။
ဒါ့အပြင် Google မှပေးသော Service တစ်ခုဖြစ်သည့် အတွက် Google ၏ ဟန်ပန်အတိုင်းပင်
အမြင်ရိုးရှင်းပြီး အသုံးပြုရလွယ်ကူ စေခြင်း အခမဲ့ အသုံးပြုနိုင်ခြင်း၊
ယနေ့ခေတ်ပေါ် Browser(IE Mozilla) တို့နှင့် ကောင်းစွာ အလုပ်လုပ် နိုင်ခြင်း
အစရှိသော အားသာချက်များကြောင့်လည်း ရွေးချယ်တင်ပြလိုက်ရခြင်ဖြစ်ပါတယ်။
ယခုဖော်ပြခဲ့တဲ့
Blog ရေးသားပုံ အဆင့်ဆင့်တို့ကို လိုက်ပါလုပ်ဆောင်နိုင်ကြပြီဆိုရင်တော့ ကိုယ်ပိုင်
Blog ကောင်းကောင်းလေးတစ်ခု ဖန်တီးတည်ဆောက်နိုင်ကြပါပြီဖြစ်ပါလိမ့်မယ်။ သို့သော်
Blog ဖန်တီးရေးသားမှု နယ်ပယ်သည် ကျယ်ပြန့်သည် အလျောက် ယခုလောက်သိခဲ့ကြပြီရုံဖြင့်
ပြည့်စုံလုံလောက်ပြီလို့ မဆိုနိုင်သေးပါဘူး။ ဒါတွေက အရေးကြီးတဲ့
အခြေခံလိုအပ်ချက်တွေသာ ဖြစ်ပါ တယ်။