Saturday, September 10, 2016

Apple ရဲ့အသစ်တစ်ခုအနေဖြင့်ထွက်ပေါ်လာမည့် iPhone 7 Pro

Apple ရဲ့အသစ်တစ်ခုအနေဖြင့်ထွက်ပေါ်လာမည့် iPhone 7 Pro
စက်တင်ဘာလရောက်တိုင်းအသစ်မိတ်ဆက်ပေးလေ့ရှိတဲ့ Apple မှယခုလာမည့်(၂၀၁၆) စက်တင်ဘာတွင်ထုတ်လုပ်မိတ်ဆက်မည့်ဖုန်းများကတော့ iPhone 7, iPhone 7 Plus သာမက iPhone 7 Pro တို့ဖြစ်ပါတယ်။
Apple ချစ်သူများကတော့အသစ်ပါဝင်လာမည့် 7 Pro ကိုပိုမိုမျှော်လင့်နေကြမှာပါ။ သို့သော် 7/ 7 Plus နှင့် 7 Pro တို့တွင်ပါဝင်သော Features များဟာတူညီပြီးကင်မရာ၊ Smart Connector ပါဝင်မှုနှင့် GB တို့သာကွာခြားမှုများရှိလိမ့်မယ်လို့ကောလဟာလသတင်းများအရသိရပါတယ်။ ဖုန်း(၃)မျိုးစလုံးဟာ ios 10 ဖြင့် run လာမှာဖြစ်ပါတယ်။ 7 Model ဖုန်းတိုင်း၏ resistance ကတော့ရေတင်မကဖုန်ပါကာကွယ်မှုပေးနိုင်တယ်လို့သိရပါတယ်။ အခြားသတင်းများဟာအတည်ပြုဖို့မဖြစ်နိုင်သေးပေမယ့်ထိုဖုန်းပုံသဏ္ဍာန်များကတော့အတည်လို့သတ်မှတ်နိုင်ပြီဖြစ်ပါတယ်။
7 Pro ၏ဆိုဒ်ကတော့(၅.၅)လက်မရှိပါမယ်။ Dual ကင်မရာဖြစ်လို့ Resolution ပိုင်းကိုသိသိသာသာတိုးမြှင့်ထားတာမြင်နိုင်ပါတယ်။ 7 Plus နဲ့ကွာခြားပြီးတကယ့်ကင်မရာတစ်လုံးနီးပါးခန့်စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ RAM အနည်းဆုံး 2GB ပါဝင်မှာဖြစ်ပြီး 3GB(or)4GB ပါဝင်မယ်လို့လည်းသိရပါတယ်။ 32GB, 128GB နှင့် 256GB ဆိုပြီး (3) မျိုးရရှိနိုင်မှာဖြစ်ပါတယ်။ ဈေးနှန်းကတော့ 7 Plus ထက်အနည်းငယ်ပိုနိုင်ပါတယ်။

#ပြန်လည်မျှဝေတာပါ
#အားလုံးအဆင်ပြေပါစေ
#မြတ်မင်း-အလယ်ချောင်းသား
https://myatmin-alechaungthar.blogspot.my/
https://www.facebook.com/MyatMin.Alechaungthar/

No comments:

Post a Comment